Friday, November 23, 2012
ငါသာ ပညာတတ်ခဲ့ ရင်.မင်းလို.အပေါက်စောင့် ဖြစ်နေလောက်ပြီ.
တခါတုန်းက..အလွန်ချမ်းသာတဲ့ ..သူဌေးကြီးတဦးဟာ..ဘဏ်တခုမှာ..ငွေအပ်..ငွေထုပ်ကို..မကြာခဏပြုလုပ်လေ့ ရှိသတဲ့ …။
ထူးခြားတာက..သူငွေသွင်း..ငွေထုပ်မူ့ ပြုလုပ်လေတိုင်း..
လက်မှက်ထိုးခြင်းပါပဲ…။ အဲ့ ဒီမှာ..ဇာက်လမ်းက..“စ”တာပဲ..။
လက်မှက်ထိုးရမဲ့ ..နေရာမှာ..( x ) ကြက်ခြေခက်ကို..ရေးခြစ်လေ့ 
ရှိတယ်..။ ဒါဟာ..ကိုလိုနီခေက်ကတည်းက..ခေတ်စားလာတဲ့ ..
ကမ္ဘာသုံး..သင်္ကေတပေါ့ ..။ပညာမတတ်..စာမရေးတတ်သူတွေ
အသုံးပြုလေ့ ရိှတဲ့ ..လက်မှက်သင်္ကေတပေါ့ ..။
ဒါကို..သတိထားမိနေတဲ့ ..၀န်ထမ်းတွေကတဆင့် ..လုံခြုံရေး
ဝန်ထမ်းတွေပါ..ကြာလာတော့ ..တဆင့် စကားဆိုသလို..တစ..တစ
သတိထားမိလာတယ်..။ဒီလောက်ချမ်းသာတဲ့ ..လူက..ဘာလို့ များ
စာမတတ်..ရတာပါလိမ့် ပေါ့ ..။ စိတ်ဝင်စားလာကြတယ်..။
ဒါနဲ့ ..တနေ့ တော့ ..လုံခြုံ ရေးဝန်ထမ်းလေးက…မဝံ့ မရဲ..ချဉ်းကပ်
လို့ ..တိုးတိုးလေး..တိတ်တခိုးမေးကြည့် သတဲ့ ..။
“လုံခြုံရေးကောင်လေး…” မင်္ဂလာပါ..သူဌေးကြီးခင်ဗျာ..။
ပြန်တော့  မလို့ လားခင်ဗျာ..။
“ သူဌေးကြီး”..အေး..ပြန်မယ်လေကွာ..။ဒါနဲ့ ..မောင်ရင်က..ဒီနေ့ မှ
ဘာလို့ များ..ထူးထူးဆန်းဆန်း..မေးနေရတာပါလိမ့် ..။
“လုံခြုံရေး”…ဟိုလေ…ဒီ..ဒီလိုပါ..။သူဌေးကြီးကို..တခုလောက်မေးလို့ ..ရမလားခင်ဗျာ..။စိတ်လဲ..မဆိုးပါနဲ့ ..။ဗွေလဲမယူပါနဲ့ ..။
ပြန်လဲမတိုင်ပါနဲ့ ခင်ဗျာ..။ကျွန်တော်..သူဌေးကြီးကို..အားကြလို့ ပါခင်ဗျာ.။
သူဌေးကြီးအနေနဲ့ ..ဘယ်လိုများချမ်းသာလာ..ပါလိမ့် ..။ပညာရေး
မပြည့် ….ပြည့် …ပြည့် …………..
“သူဌေးကြီး”…သြော်..သိပြီ…သိပြီ…။မောင်ရင်တို့ က..ဦးကို..စာမတတ်..ပေမတတ်နဲ့ ..ဘာလို့ များ..ချမ်းသာနေရတာလဲပေါ့ ..။ဟုက်လား..။
“လုံခြုံရေး”..ဟာ..ကျွန်တော်.အဲ့ လိုသဘောမျိုးနဲ့ ..ပြောတာမဟုက်ပါဘူးဗျာ….။ဟိုလေ..ဟိုဟာ……..
“သူဌေးကြီး”…ရပါတယ်မောင်ရင်ရာ..။ဒီလိုကွ..။ငါငယ်ငယ်က
..သိပ်ချမ်းသာပြီး..ကြီးပွားချင်တာကွ..။ဒါနဲ့ ..မြို့ တက်ပြီး..အလုပ်ရှာတာပေါ့ ..။ဘာပြောကောင်းမလဲ..တူမောင်ရာ..။ပညာမတတ်တော့ 
မြို့ တို့ ရဲ့ ထုံးစံအတိုင်း..ဘယ်အလုပ်မှ..ဘယ်ကုမ္မဏီမှ..အလုပ်ရှာလို့ မရဘူးကွ…။ဒါနဲ့ ..နောက်ဆုံး..စိတ်ဓါတ်ကျနေတဲ့ ..ဦးအဖို့ 
အားတက်စရာလေး..ကြော်ငြာတခုတွေ့ သကွ..။မင်းတို့ ခေတ်လို
တော့ ..ခေါ်တတ်ပါဘူးကွာ..။ဦးသိသလိုပြောရရင်..တံခါးစောင့် 
ပေါ့ ..။ပျော်တာပေါ့ ..။ငါလို..စာမတတ်..ပေမတတ်အတွက်..
ဒီအလုပ်တော့ ..ရနိုင်ကောင်းပြီပေါ့ ..။ဒါနဲ့ ..သွားလျှောက်ရော်..။
ဘယ်ပြောကောင်းမလဲ..။မောင်ရင်တို့ ..မြို့ ထုံးစံအတိုင်း..အင်တာ
ဗျူးဆိုလားမေးပါလေရော်..။ဘာမေးလဲဆိုတော့ ..ပညာအရည်
အချင်း..ဘယ်လောက်လဲတဲ့ ..။ငါလဲ..ပရိတ်ကြီး..(၁၁)သုက်ရွက်ပြလိုက်တယ်..။ဒါနဲ့ ..သူဌေးက..သဘောကြပြီး..သူ့ ဆိုင်ဖွင့် ပွဲကြမှ
သင်္ကန်းဝတ်ပြီး..လာချီးမြင့် ပေးလှည့် ပါ..။အခုတော့ ..တံခါးစောင့် 
ရာထူးအတွက်..အနိမ့် ဆုံး..၁ဝတန်းအောင်မှ..ဖြစ်မှာမို့ လို့ ပါတဲ့ ..။
ဒါနဲ့ ..ငါလဲ..စိတ်ဓာတ်ကျပြီး…။ငါနဲ့ .ထိုက်တန်တဲ့ နေရာ..တောမြို့ 
တောရွာလေးကို..ပြန်လာပြီး..ဇွဲရှိရှိနဲ့ ..လုပ်ကိုင်ထွန်ယက်လို့ ..
ရှာဖွေဆုဆောင်းလာလိုက်တာ..ရောင်း/ဝယ်ဖြစ်ထွန်းတာလဲပါတာ
ပေါ့ ..။စုပါများ..တောင်ပို့ ဖြစ်..ဆိုသလိုပဲ..။အခုတော့ ..မောင်ရင်
တို့ ..မြင်သလိုသူဌေးတဦးဖြစ်လာခဲ့ ရပြီပေါ့ ..။အင်း..မောင်ရင်
မေးမှ..ပြန်အမှက်ရမိတယ်…။ငါသာ..ပညာတတ်ခဲ့ ရင်..မင်းလိုပဲ
အပေါက်စောင့် ..ဖြစ်နေလောက်ပြီကွ…။
သန့် ဇင်..။အင်းလေး..။၂၂..၁၁..၂ဝ၁၂
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment