Wednesday, November 28, 2012

`မ ဆီသို့´

`မ ဆီသို့´


`မ´နဲ့ ကျွန်တော်ဟာ မိုင်ပေါင်းရာချီကွာဝေးတယ်။


တစ်နေ့နေ့ ဝေးကွာရမှန်းလည်း သိတယ်။


ဒါပေမဲ့ အရာအားလုံးကို လျစ်လျူရှု့ပြီးတော့၊


`မ´ကို ကျွန်တော်တစ်ဖက်သတ် ချစ်ခဲ့တာ `မ´သိရဲ့လား။


`မ´နဲ့ တွေ့ဆုံခဲ့တဲ့ အချိန်တိုင်းဟာ၊


ကျွန်တော်အတွက်တော့ အားလုံးအမှတ်တရတွေချည်းပါပဲ။


`မ´ပြုံးရင် ကျွန်တော်ပျော်တယ် သိလား။


အဲဒီလောက်နဲ့တောင် ပျော်နေတာ၊


`မ´သာ ကျွန်တော်ကို ပြန်ချစ်မယ်ဆိုရင်၊


ကျွန်တော် ရူးသွားလောက်တယ် `မ´ရယ်။


ဒါက ကျွန်တော့် စိတ်ကူးလေး...၊ တစ်ခုတည်းသော စိတ်ကူးလေးပါ။


အခြေအနေတွေက မတူညီကြဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။


အဲဒီအတွက်လည်း အဆိုးဆုံးအထိ ခံနိုင်ရည်ရှိအောင် ကြိုးစားနေတယ်။


`မ´သာ ကျွန်တော်ကို အချစ်စစ်နဲ့ ချစ်မယ်ဆိုရင်


`မ´မှာရှိတဲ့ ဘယ်ချွင်းချက်မဆို ကျွန်တော် လျစ်လျူရှု့လိုက်မယ်။


`မ´ရဲ့ အိမ်မက်ထဲက လူဖြစ်ချင်တယ်။


`မ´ရဲ့ သူရဲကောင်း ဖြစ်ချင်တယ်။


`မ´ရဲ့ တစ်ဦးတည်းသော ချစ်သူ ဖြစ်ချင်တယ်။


http://mmict.net/index.php?topic=1997.75 

နင့်ကို ချစ်မိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်

အမှတ်မရှိတဲ့ ဒီနှလုံးသား၊

စာရွက်တစ်ရွက်လိုသာ၊

စုတ်ဖြဲလွယ်မယ်ဆိုရင်၊

နင့်အကြောင်းတွေးရင်း၊

နာကျင်နေတဲ့ ငါ့ရင်ခွင်၊

သက်သာလိုသက်သာငြား၊

စုတ်ဖြဲကာထား

ခပ် ဝေးဝေးသာ၊

လွင့်ပစ်ချင်ပါရဲ့............။




မလွမ်းပါဘူးလို့

အကြိမ်ကြိမ် သတိပေးနေလျှက်၊

တွေးတွေးပြီး လွမ်းနေမိတဲ့၊

ငါ့ကိုယ်ငါ မုန်းလိုက်တာ................။



ဒီလိုပုံနဲ့သာဆို

တစ်ကြိမ်တစ်ခါသာမက

အကြိမ်တစ်ရာလဲ ၊

အလိမ်အညာအမြဲ

ထပ်ခါ ...ထပ်ခါ

ခံရအုံးမယ် ထင်ပါရဲ့ကွာ..........။


http://mmict.net/index.php?topic=1997.45  ကိုစတင်းလေး ရေးထားတာပါ

အင်တာနက်သုံးစွဲမှုကိုမိမိအသုံးပြုသည့်Data ပမာဏအလိုက်သာကောက်ခံမည့်Volume Based Chargingစနစ်ကိုစတင်မည့်အစီအစဉ်ကြေညာခြင်း


၁။   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းများမှတဆင့် အင်တာနက်သုံးစွဲသည့်ပြည်သူများ ပိုမိုအဆင်ပြေသက်သာစေရန်အတွက် လက်ရှိကောက်ခံနေသည့် Time Based Charging စနစ်မှ Volum  Based Charging ဖြစ်သည့် မိမိအသုံးပြုသည့် Dato ပမာဏအလိုက်သာပေးဆောင်ရသည့်စနစ်ကို၂၀၁၂ ခုနှစ် ဒီဇင်ဘာလ၁ရက်မှ စတင်ပြောင်းလဲကောက်ခံသွားမယ်ဖြစ်ပါသည်။
၂။   Time Based Charging စနစ်ကို အခြေခံ၍ အင်တာနက်သုံးစွဲသူများအား GSM(2.75G) တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင် ၂ကျပ်နှုန်း၊WCDMA/CDMA 800 တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင် ၄ကျပ်နှုန်းကောက်ခံလျက်ရှိပါသည်။
၃။   မကြာမီဆောင်ရွက်မည့် Volume Based Charging စနစ်သည်-
   (က)မိုဘိုင်းဖုန်းတစ်လုံး အင်တာနက်ဖွင့်ပြီး ပြန်မပိတ်မိလျှင်လည်း ငွေပေးဆောင်ရမှုမရှိခြင်း၊
   (ခ)အင်တာနက်အသုံးမပြုမီ Data Enable ပြုလုပ်ရုံဖြင့်လည်း ငွေပေးဆောင်ရမှုမရှိခြင်း၊
   (ဂ)မိမိလိုအပ်သော Data အချက်အလက်များကို Download ပြုလုပ်ရာတွင် Download
        ပြုလုပ်သည့်ပမာဏ အတွက်သာပေးရခြင်း၊
   (ဃ)မိနစ်၊အချိန်တို့ဖြင့်သက်ဆိုင်မှုမရှိဘဲ မိမိသုံးစွဲသည့် Data ပမာဏနှင့်သာ သက်ဆိုင်မှုရှိခြင်း၊
   (င)မိုးဘိုင်းဖုန်းအသုံးပြုသူများ 3G Network အောက်တွင်သော်လည်းကောင်း၊ (2.75)Network
       အောက်တွင်သော်လည်းကောင်း မည်သည့်Network အောက်တွင်အသုံးပြုသည်ဖြစ်စေ မိမိအ
      သုံးပြုသည့် Download ပမာဏအတိုင်းသာငွေပေးဆောင်ရသဖြင့် ပိုမိုသက်သာခြင်း၊
      စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။ 
   Volum Based Charging စနစ်သည် အင်တာနက်အသုံးပြုခကောက်ခံခြင်းသည် နိုင်ငံတကာတွင် ကျယ်ပြန့်စွာအသုံးပြုနေသော စနစ်ဖြစ်ပါသည်။     
၎။   Volum Based Charging စနစ်ဖြင့်ကောက်ခံမည့် နှုန်းထားများမှာ-

Monday, November 26, 2012

ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေး



ဒီနေ့ကျနော်တို့ကွန်ပျူတာကိုအစဉ်မြဲသုံးနေကြတဲ့ရွှေညီအကိုအားလုံးကိုချစ်ခင်လေးစားစွာနဲ့
ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်။
သိပြီးကြသူတွေလည်းများမယ်ထင်ပါတယ်၊မသိကြသေးတဲ့ချစ်မိတ်ဆွေအားလုံးအတွက်လိုအပ်တာ
လေးတွေရှိခဲ့ရင်အဆင်ပြေအောင်ပါ။ရေးမှားပြောမှားတာတွေရှိရင်လည်းခွင့်လွတ်နားလည်ပေး
လိမ့်မယ်လို့မျော်လင့်ပါတယ်၊မြန်မာစာမရေးဖြင့်တာလည်းနှစ်ကတောတောကြာသွားပါပြီ။
မြန်မာစာနဲ့တော့ဘာသာမပြန်တော့ပါဘူးစာလုံးတွေကရှင်းရှင်းလေးတွေဆိုတော့၊၊၊၊၊၊၊၊၊၊၊၊
ဘာသာလဲ မပြန်တတ်တာပါတာပေါ့နော်...ခစ်ခစ်ခစ်....


အဆင့်၁။General keyboard shortcuts .

Ctrl + A = Select all
Ctrl + C = Copy the highlighted content to clipboard
Ctrl + V
= Paste the clipboard content
Ctrl + N
= New (Create a new document, not in terminal)
Ctrl + O
= Open a document
Ctrl + S
= Save the current document
Ctrl + P
= Print the current document
Ctrl + W
= Close the close document
Ctrl + Q
= Quit the current application


အဆင့်၂။Keyboard shortcuts for GNOME desktop .

Ctrl + Alt + F1 = Switch to the first virtual terminal
Ctrl + Alt + F2(F3)(F4)(F5)(F6)
= Select the different virtual terminals
Ctrl + Alt + F7
= Restore back to the current terminal session with X
Ctrl + Alt + Backspace
= Restart GNOME
Alt + Tab
= Switch between open programs
Ctrl + Alt + L
= Lock the screen.
Alt + F1
= opens the Applications menu
Alt + F2
= opens the Run Application dialog box.
Alt + F3 = opens the Deskbar Applet
Alt + F4
= closes the current window.
Alt + F5 = unmaximizes the current window.
Alt + F7
= move the current window
Alt + F8
= resizes the current window.
Alt + F9 = minimizes the current window.
Alt + F10
= maximizes the current window.

Sunday, November 25, 2012

၈ နှစ်သား Miscrosoft Techonology Specialist


ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့မှာ နေထိုင်တဲ့ အသက် ၈နှစ်သား Shafay ဟာ မိုက်ခရိုဆော့ အသိမှတ်ပြု Techonology Specialist တစ်ဦးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် မတ်လ ၁၃ ရက်က မွေးဖွားပြီး ၂၀၁၂ခုနှစ် ဧပြီလဆန်းမှာဆန်းမှာ Microsoft မှကျင်းပတဲ့ Prometric Test စာမေးပွဲ ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့ပါတယ်။ အံ့သြစွာပဲ ရမှတ် ၉၁ မှတ်နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အတွက် ၁၃
လသာသင်ကြားခဲ့ရပါတယ်။ Shafay Thobani ဟာငယ်ငယ်လေးကတည်းက ကွန်ပျူတာအသုံးပြုမှုကို နက်နက်နဲနဲစိတ်ဝင်စားသူ ဖြစ်ပြီး Network ရဲ့လုပ်ဆောင်ချက်များကို အမြဲလေ့လာနေတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို သင်ကြားပေးတဲ့ ဆရာ Faisal Durrani အနေနဲ့ Domain Name စနစ် (DNS) နဲ့ Internet Protocol (IP) သင်ခန်းစာတွေကို သင်ကြားရတာ အခက်အခဲမရှိခဲ့ပါဘူး။ Shafay ဟာ Microsoft Hyper-V virtualization ကိုလည်း ၆၅ မှတ်နဲ့ အောင်မြင်ထားပါတယ်။ အသက် ၈ နှစ်သာ ရှိသေးပြီး အသက် ၂၀ ဝန်းကျင်လူများ လေ့လာသင်ယူရတဲ့ ဘာသာရပ်ကို ငယ်ငယ်လေးနဲ့ ထူးချွန် အောင် လေ့လာသင်ကြားနိုင်ခဲ့ပါတယ်။ ဒါကြောင့် Shafay ကို ကမ္ဘာ့အသက်အငယ်ဆုံး Microsoft အသိမှတ်ပြု နည်းပညာ စပယ်ရှစ်လစ် တစ်ဦး အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်



(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း(၁၀)ချက်

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း(၁၀)ချက်

(၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

(၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့
စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

(၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျှော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

(၄) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။


(၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။

(၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျှော့နည်းစေပြီး