Wednesday, November 28, 2012
အင်တာနက်သုံးစွဲမှုကိုမိမိအသုံးပြုသည့်Data ပမာဏအလိုက်သာကောက်ခံမည့်Volume Based Chargingစနစ်ကိုစတင်မည့်အစီအစဉ်ကြေညာခြင်း
၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းများမှတဆင့် အင်တာနက်သုံးစွဲသည့်ပြည်သူများ ပိုမိုအဆင်ပြေသက်သာစေရန်အတွက် လက်ရှိကောက်ခံနေသည့် Time Based Charging စနစ်မှ Volum Based Charging ဖြစ်သည့် မိမိအသုံးပြုသည့် Dato ပမာဏအလိုက်သာပေးဆောင်ရသည့်စနစ်ကို၂၀၁၂ ခုနှစ် ဒီဇင်ဘာလ၁ရက်မှ စတင်ပြောင်းလဲကောက်ခံသွားမယ်ဖြစ်ပါသည်။
၂။ Time Based Charging စနစ်ကို အခြေခံ၍ အင်တာနက်သုံးစွဲသူများအား GSM(2.75G) တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင် ၂ကျပ်နှုန်း၊WCDMA/CDMA 800 တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင် ၄ကျပ်နှုန်းကောက်ခံလျက်ရှိပါသည်။
၃။ မကြာမီဆောင်ရွက်မည့် Volume Based Charging စနစ်သည်-
(က)မိုဘိုင်းဖုန်းတစ်လုံး အင်တာနက်ဖွင့်ပြီး ပြန်မပိတ်မိလျှင်လည်း ငွေပေးဆောင်ရမှုမရှိခြင်း၊
(ခ)အင်တာနက်အသုံးမပြုမီ Data Enable ပြုလုပ်ရုံဖြင့်လည်း ငွေပေးဆောင်ရမှုမရှိခြင်း၊
(ဂ)မိမိလိုအပ်သော Data အချက်အလက်များကို Download ပြုလုပ်ရာတွင် Download
ပြုလုပ်သည့်ပမာဏ အတွက်သာပေးရခြင်း၊
(ဃ)မိနစ်၊အချိန်တို့ဖြင့်သက်ဆိုင်မှုမရှိဘဲ မိမိသုံးစွဲသည့် Data ပမာဏနှင့်သာ သက်ဆိုင်မှုရှိခြင်း၊
(င)မိုးဘိုင်းဖုန်းအသုံးပြုသူများ 3G Network အောက်တွင်သော်လည်းကောင်း၊ (2.75)Network
အောက်တွင်သော်လည်းကောင်း မည်သည့်Network အောက်တွင်အသုံးပြုသည်ဖြစ်စေ မိမိအ
သုံးပြုသည့် Download ပမာဏအတိုင်းသာငွေပေးဆောင်ရသဖြင့် ပိုမိုသက်သာခြင်း၊
စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။
Volum Based Charging စနစ်သည် အင်တာနက်အသုံးပြုခကောက်ခံခြင်းသည် နိုင်ငံတကာတွင် ကျယ်ပြန့်စွာအသုံးပြုနေသော စနစ်ဖြစ်ပါသည်။
၎။ Volum Based Charging စနစ်ဖြင့်ကောက်ခံမည့် နှုန်းထားများမှာ-
Type Description Local All in FE
Plan-A..........Unlimited Dato Usage Plan -100 KB-2 Kyats- 400 KB-0.01 US$
Plan-B..........Monthly Data Usage Plan - Up to 200MB-1500 Kyats -Up to 200MB-2 US$
Additional 100k- 2 Kyats -Additonal 400KB-0.01 US$
Plan-C........Monthly Data Usage Plan-Up to 1GB -7000 Kyats-Up to 1 GB- 8 US$
Additional 100k- 2kyats-Additonal 400KB-0.01 US$
Plan A သည် Unlimited Deta Plan ဖြစ်ပြီး Deta 100 Kbyte အသုံးပြုတိုင်း (၂)ကျပ်ကောက်ခံပါမည်။ကြိုက်သလောက်သုံး ကျသလောက်ပေးဖြစ်သည်။
Plan B သည် Monthly Usage Data Plan ဖြစ်ပြီး လစဉ် ၁၅၀၀ ကျပ်ကုန်ကျခံပါက 200Mbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့် ရပါမည်။ 200 Mbyte ထက်ပိုသော Data Usage ကို 100Kbyte လျှင် (၂)ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံပါမည်။
Plan C သည် Monthly Usage Data Plan ဖြစ်ပြီး လစဉ် ၇၀၀၀ ကျပ်ကုန်ကျခံပါက 1Gbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့် ရပါမည်။ 1Gbyte ထက်ပိုသော Data Usage ကို 100Kbyte လျှင် (၂)ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံပါမည်။
Plan B နှင့် C (Monthly Usage Data Plan)အသုံးပြုလိုသော ပြည်သူများအနေဖြင့် ရွေးချယ်လိုသည့် Plan ကို ပန်းဆိုးတန်း မိုဘိုင်းဆက်သွယ်ရေးရုံး၊ အလုံမိုဘိုင်းဆက်သွယ်ရေးရုံး၊ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံး နှင် ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး ဆက်သွယ်ဆန္ဒပြုခြင်းမရှိသော မိုဘိုင်း အင်တာနက်သုံးစွဲသုံးစွဲသူများကို Plan A (Unlimited Data Plan) ဖြင့်သာ ကောက်ခံပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment