Wednesday, November 28, 2012

နင့်ကို ချစ်မိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်

အမှတ်မရှိတဲ့ ဒီနှလုံးသား၊

စာရွက်တစ်ရွက်လိုသာ၊

စုတ်ဖြဲလွယ်မယ်ဆိုရင်၊

နင့်အကြောင်းတွေးရင်း၊

နာကျင်နေတဲ့ ငါ့ရင်ခွင်၊

သက်သာလိုသက်သာငြား၊

စုတ်ဖြဲကာထား

ခပ် ဝေးဝေးသာ၊

လွင့်ပစ်ချင်ပါရဲ့............။




မလွမ်းပါဘူးလို့

အကြိမ်ကြိမ် သတိပေးနေလျှက်၊

တွေးတွေးပြီး လွမ်းနေမိတဲ့၊

ငါ့ကိုယ်ငါ မုန်းလိုက်တာ................။



ဒီလိုပုံနဲ့သာဆို

တစ်ကြိမ်တစ်ခါသာမက

အကြိမ်တစ်ရာလဲ ၊

အလိမ်အညာအမြဲ

ထပ်ခါ ...ထပ်ခါ

ခံရအုံးမယ် ထင်ပါရဲ့ကွာ..........။


http://mmict.net/index.php?topic=1997.45  ကိုစတင်းလေး ရေးထားတာပါ

No comments:

Post a Comment