Sunday, November 25, 2012
နောင်ပြင်ရန်ခက်သည့် အမျိုး
၁၊၊ ၊၊အိမ်ထောင်ပြုခြင်း
၂၊၊ ၊၊ဘူရားတည်ခြင်း
၃၊၊ ၊၊ဆေးမင်ရည်စုတ်ထိုး(တက်တူး)ခြင်း ဒီ(၃)မျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့် အမျိုးဖြစ်ပြီ နောင်တစ်ချိန် ပြန်ပြင်ချင်ရင်ခက်ခဲ့လှတဲ့အမူကိစ္စ(၃)မျိုးပါ၊၊
၁၊၊ ၊၊အိမ်ထောင်ပြုခြင်း
နှစ်ဖက်မိဘတွေ သဘောကျလို့ပဲ ဖြစ်ဖြစ်၊နှစ်ဦးသဘောတူကြည်ဖြူလို့ ပဲ ဖြစ်ဖြစ် တစ်ဦးနင့်တစ်ဦး အချိန်ယူပြီးတော့မှသေသေချာချာ မလေ့လာကြဘဲ အိမ်ထောင်ပြုလိုက်မိပြီ ဆိုပါတော့ နောင် တစ်ချိန်တစ်ခါဘယ်လိုမှညှိလို့မ၇တဲ့ အကျင့်စရိုက်ဆိုးတွေ ပေါ်ပေါက်လာတဲ့အခါ ပြန်ပြင်ရန်အလွန်ခက်ခဲ့ပါတော့မယ်. ဇွတ်ပြင်မယ်ဆိုရင်တော့ ရပါတယ် ဒါပေမဲ့ ဘယ်လိုဘဲ တစ်ယောက်ကမကောင်းလို့တစ်ယောက်ပြောင်းတယ် ဆိုပါစေ လူလောကရဲ့ အသိုင်းအ၀ိုင်းတွေကြာမှာ အချိန်တွေကြာမြင့်စွာ နေထိုင်လာကြတာပဲလေ လူတွေရဲ့ကဲ့ရဲ့သံတွေ၊ အကြည့်တွေကြာထဲမှာတော့ အနည်းနဲ့ အများ သိပ်ငယ်ကြစမြဲပါ၊၊
၂၊၊ ၊၊ဘုရားတည်ခြင်း
လူမျိုးတိုင် မှာ ကိုယ်ယုံကြည်တဲ့ ဘာသာရေး ၊ သာသနာရေးနဲ့ပတ်သက်တဲ့ထုံးတမ်းစဉ်လာတွေ ၊ကျမ်းဂန်တွေကိုမလေ့လာလိုက်စားဘဲ ဘုရားတည်မိတဲ့အခါ နောင်နှစ်တွေကြာလာမှ ကိုယ်တည်ထားတဲ့ဘုရားမှာ မှားယွင်းတဲ့အချက်တွေကို ပြန်လည်တွေ့၇ှိပါပြီတဲ့ ပြန်ပြင်လို့မရနိုင်တော့ပါဘူး။ စကားပုံလေးတစ်ခု အတိုင်း တည်မိတဲ့ဘုရား လင်းတ နားနား ဆိုပြီ ပြစ်တွေလည်းမထားသင့်လေတော့ နောက်ဆုံးမှာ ကိုယ့်ပြုလိုက်တဲ့ ကုသိုလ်ရေးက ကိုယ့်ကိုယူကြုံမရဖြစ်စေပါတော့မယ်၊၊
၃၊၊ ၊၊ဆေးမင်ရည်စုတ်ထိုးခြင်း(တက်တူးထိုးခြင်း)
လူတွေရဲ့စိတ်က အခုတစ်မျိုး၊တော်ကြာတစ်မျိုးနဲ့ မတည်ငြိမ်တဲ့သဘောသဘာဝတွေ၇ှိကြပါတယ်၊၊ ငယ်စဉ်းအခါက အပေါင်းသင်းတွေကြားမှာ ကိုယ့်ကိုကိုယ်ပေါ်လွင်ချင်တဲ့စိတ်နဲ့ ကိုယ့်ရဲ့ခန္စာကိုယ်ပေါ် ဆေးမင်ရုပ်တွေ ထိုးလိုက်မိတယ်ဆိုပါတော...လူလတ်ပိုင်းရောက်ပြီ ပညာတွေသင်ပြီ ပညာတွေတတ်ကာ တစ်ဖြည်းဖြည်းနဲ့ ရင်ကျက်တဲ့ အချိန်ရောက်လာတော့ အဲ့ဒီ
ထိုးထားတဲ့ဆေးမင်တွေဟာဘ၀တစ်လျှောက်လုံးလူရဲ့စိတ်ကိုအနောက်အရှက်ပေးပါတော့တယ်၊၊ ပြန်ပြင်ချင်ရင်တော့ ကိုယ့်ရဲ့အရေပြားကိုသာလဲပစ်မှ ရပါတော့မယ်၊၊
ဒါကြောင့် မို့ ရှေ့လူကြီးတွေ၊ မိဘဆရာတွေ ၊ကိုယ့်ထက်အသိပညာ အတတ်ပညာကြွယ်ဝတဲ့ သူတွေရဲ့ဆိုဆုံးမစကားတွေကို မှတ်ယူထားသင့်ပါတယ် ၊၊ လွမ်းလေး ခုတင်ပြလိုက်တဲ့ အကြောင်းရာလေးအားလုံးဟာ နောင်ပြင်ရန်ခက်ခဲ့တဲ့ အမျိုးတွေလို့ေ၇ှ့လူကြီးတွေ ဆိုဆုံးမသွားခဲ့ကြတာပါ၊၊ ဖိုရမ်မှာရှိကြသော သူငယ်ချင်းများအား ခင်မင်လျှက်ပါ
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment