ဘီယာအကြောင်း ဘယ်လောက် သိသလဲ
“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”
ဆိုတဲ့သီချင်းလိုပဲ။အရက်မဟုတ်
ဘူးလို့ အတင်း ဇွတ်ကန်ငြင်းပြီး လူတွေက ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက်
သောက်လာ ကြပါတယ်။ယောက်ျားလေး တွေသာမကဘဲ မိန်းကလေး တွေလည်း သောက်လာ ကြတာပါ။
အဲဒီလို ဖက်ရှင်လိုရော၊ သောက်ချင်လို့ ရောနဲ့ အကြောင်းအ မျိုးမျိုးနဲ့
သောက်ကြတဲ့ သူတွေဘီ ယာ အကြောင်း သိပါရဲ့လား။ ဘီယာ နဲ့ပတ်သက်တဲ့
အချက်အလက်အချို့ ကိုပြောပြပါ့မယ်။
Light (or) Lite ဘီယာမှာ
ကယ်လိုရီ
၁၀၀ ထက်ပိုပါတယ်။ ပျမ်းမျှ ၁၂ အောင်စပဲရှိတဲ့ lite ဘီ ယာတိုင်းမှာ
ကယ်လိုရီ ၁၀၀ က နေ ၁၃၀ အထိပါပါတယ်။ ရိုးရိုးဘီ ယာဆိုရင် ၁၅၀ ကနေ ၂၀၀ ကယ်
လိုရီပါပါတယ်။ ရိုးရိုးဘီယာ နဲ့ lite ဘီယာက အနည်းဆုံး ကယ်လီုရီ ၂၀ ကနေ ၁၀၀
အထိ ကွာပါတယ်။
ဘီယာက အဆီ ဓာတ်ကင်း တယ်။
ဘီယာက
ဝိုင်လိုပဲ အဆီဓာတ် ကင်းပါတယ်။ နောက်ပြီး အာဟာရ ဓာတ်အနည်းငယ် လည်းပါဝင်ပါ
တယ်။ ဘာတွေလဲ ဆိုရင် ပရိုတင်း၊ ပိုတတ်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂
နဲ့ ဆီလီယမ် တွေ ပါ။ ဒါပေမယ့် အမေရိကန်အမျိုး သား အစားအစာ ညွှန်ကြားမှုဌာ န
ကတော့ ဘီယာဟာ ကယ်လိုရီ အများဆုံး အစားအစာငါးမျိုးမှာပါ ၀င်နေပြီးတော့
အာဟာရဓာတ်လုံးဝ မရှိ ဘူးလို့ ကြေညာ ထားပါတယ်။
နေ့စဉ်ဘီယာသောက်လို့ရသလား
ဘီယာကို
နေ့စဉ် သောက်ရင် ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိရှိ လာတတ် လာမယ်။ ဒါက ဟမ္ဘာ
ဂါစား တာရဲ့ နှစ်ဆ၊ ရိုစ့်ဆင်းဒ၀တ် နဲ့ ချိစ်ပီဇာနှစ်ခုစားသလောက်ကို
တက်မှာပါ။
ဘီယာမှာ အယ်လ်ကိုဟောဘယ်လိုပါဝင်လဲ
အယ်လ်ကိုဟောမှာ
ကယ်လိုရီ ၇ ဂရမ်ပါဝင်ပါတယ်။ ဒီတော့ အယ်လ်ကို ဟောများလေ ကယ်လိုရီ များ
လေပါ။ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေကတော့ အယ်လ်ကို ဟောရော
ဘီယာကိုပါရှောင်ရမှာပါ။
အရောင်တွေက ဘယ်လိုကွာသလဲ
ကယ်လိုရီဟာ
အယ်လ်ကိုဟော ဘယ်လောက်ပါ သလဲ အပေါ်မှာမူ တည်တာပါ။ အရောင်အရင့်၊ အ ရောင်
အနုပေါ်မှာ မူမတည် ပါဘူး။ အရောင်နုရင် ကယ်လိုရီ နည်းတာ လည်းမဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ဘီယာဘယ်လောက်သောက်ရမလဲ
လုံးဝ မသောက်ရင်ကောင်းပေ မယ့် မသောက်ရ မနေနိုင်ဘူးဆိုရင် တော့ နှစ်ခွက် ထက်ပိုမသောက်သင့် ပါဘူး။ တစ်ခွက်က ၁၂ အောင်စ ထက် မပိုရပါဘူး။
မိန်းမတွေကရော
မိန်းမတွေက
လည်းနေရာတကာ လိုက်ပြီး ရင်ပေါင်တန်း ချင်တယ်။ သောက်ချင်တယ်ဆိုရင်
တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ၀ိုင်ဆိုရင် ငါးအောင်စ
တစ်ခွက်ပဲ သောက်သင့်ပါတယ်။
ဘာရောသောက်မလဲ
ဘီယာကို
ပေါ့အောင်ဆိုပြီး တခြားအရည်ရော သောက်ရင် ကယ် လိုရီပို တတ်ပါတယ်။ ကိုလာလိုအ
ရည်မျိုးရော သောက်မိပြီဆိုရင် ကယ် လိုရီ ၁၅၀ ကနေ ၂၀၀ လောက် အထိ
ပိုသွားမှာပါ။
ဘီယာမသောက်လည်း ဗိုက်ပူတယ်
တချို့
ယောက်ျားတွေက အ သက်ရ လာရင် ဘီယာ သောက်ပြီး ဘီယာဗိုက် ဖြစ်လာကြပါတယ်။ အ
မှန် ကတော့ ဘီယာမ သောက်လည်း ကယ်လိုရီ များရင်ဗိုက်ပူ တတ်ပါတယ်။
ကောင်းတာဘာရှိလဲ
ဒီတော့
ဘီယာဆိုင် ထိုင်၊ ဘီ ယာသောက်ရင် ကောင်းတာဘာရှိ လဲ။ အပေါင်းအသင်း တိုးတယ်၊
လူ မှုရေး အကျိုးရတယ်လို့ အများက တော့ဆင်ခြေ ပေးကြပါတယ်။ နောက် တစ်ချက်
ရှိပါသေးတယ်။ ရေများများ သောက်ဖြစ်တဲ့ အတွက် ကျောက် ကပ် ကျောက်တည်တာ
ကိုတော့လျော့ ကျစေ တာပါပဲ။
http://multivitaminforall.blogspot.com/2011/09/blog-post_2354.html#...
shared by>>>http://natureenergycare.blogspot.com/2012/11/blog-post_7143.html#more

No comments:
Post a Comment