*** မင်းဆရာ၊ ပုရောဟိတ်သည်-
--- ဝေဒကျမ်းစာပေများကို တစ်ဖတ်ကမ်းခတ် တတ်မြောက်ရမည်။ ။
--- ဂါထာမန္တာ အမျိုးမျိုးကို မန်းမှုတ်ရွတ်ဆို နိုင်ရမည်။ ။
--- အရေးအကြောင်းရှိက ခြင်္သေ့မင်းကဲ့သို့ ရဲရင့်စွာ ပြောဆိုနိုင်ရမည်။ ။
*** တရားသူကြီးသည်-
--- ဆွေဂုဏ်မျိုးဂုဏ်နှင့် ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ ။
--- ကျမ်းဂန်ဓမ္မသတ် တို့ကို ကျွမ်းကျင်နားလည်ရမည်။ ။
--- လက်အောက် အမှုထမ်းများကို သင့်လျှော်သလို ညွှန်ကြားနိုင်ရမည်။ ။
*** သမားတော်ကြီးသည်-
--- ဆေးနည်းအမျိုးမျိုး၊ ကုသနည်း အဖုံဖုံ ကုံလုံတတ်မြောက်ရမည်။ ။
--- လူမှုဆက်ဆံရေးတွင် ချိုသာ၍ ချစ်ဖွယ်သော စကားကိုပြောဆို တတ်ရမည်။ ။
--- အကျင့်သီလ ပြည့်စုံရမည်။ ။
*** စာရေးကြီးသည်-
--- တကြိမ်တခါ ကြားရုံဖြင့် ကောင်းမွန်စွာမှတ်သားနိုင်ရမည်။ ။
--- လက်ရေးလျှင်မြန်ကောင်းမွန်ရမည်။ ။
--- အက္ခရာ ပီသထင်ရှားစွာရေးနိုင်ရမည်။ ။
--- အကြားအမြင် ဗဟုသုတများရမည်။ ။
*** စစ်သူကြီးသည်-
--- သူရသတ္တိ နှင့် ပြည့်စုံရမည်။ ။
--- ခွန်အားဗလနှင့် ပြည့်စုံ၇မည်။ ။
--- ဆင်စီးမြင်စီး ကျွမ်းကျင်ရမည်။ ။
--- နီတိကျမ်းများကို တတ်ကျွမ်းရမည်။ ။
*** သံတမန်တို့သည်-
--- ပညာရှိရမည်။ ။
--- သုံးသပ်ဆင်ခြင် ထိုးထွင်းဥာဏ် ရှိရမည်။ ။
--- စကားအပြောအဆို လိမ္မာ၍ ဖြောင့်မတ်သော သစ္စာစကားကို ပြောဆိုနိုင်ရမည်။ ။
--- လူကဲခတ်တော်ပြီး သမာဓိရှိကာ သည်းခံနိုင်ရမည်။ ။
*** စားတော်ကဲသည်-
--- ချက်နည်းပြုတ်နည်း မျိုးစုံတတ်ကျွမ်းပြီး အရသာနှင့် ပြည့်စုံအောင် ချက်ပြုတ် ကြော်လှော်တတ်ရမည်။ ။
---ရဲစွမ်းသတ္တိ နှင့် ပြည့်စုံ၍ ကျန်းမာသန်စွမ်းရမည်။ ။
---သားသမီး ၊မြေးမြစ်တို့အပေါ်နှင့်ငယ်သားအပေါ် ကြင်နာသနားစိတ်ရှိရမည်။ ။
*** တံခါးမှူးသည်-
--- လူကဲခတ်ကျွမ်းကျင် လိမ္မာရမည်။ ။
--- ခွန်အားဗလပြည့်စုံပြီး ရုပ်ဆင်းအဂါင်္ပြည့်စုံမှုရှိရမည်။ ။
--- အမြင်၊ အကြားတို့မှာ အမြဲသတိရှိပြီး ယဉ်ကျေးချိုသာစွာ၊ ပြောဆိုဆက်ဆံတတ်ရမည်။ ။
ထို့အတူ စာရေးဆရာတစ်ယောက်သည်လည်း မိမိရေးသောစာများကို
စာဖတ်သူ မျက်နှာမှမခွာ ချင်အောင်စွဲဆောင်နိုင်သော စာပေမျိုးရေးနိုင်သော အရည်အချင်း ရှိရပေမည်။ ။
---
http://mmict.net/index.php?topic=6204.0
No comments:
Post a Comment