Saturday, November 17, 2012

Window Lock ချနည်းလေးများ


ကွန်ပျူတာ User အများစု ဟာ တစ်ခါ တစ်ရံ ကွန်ပျူတာကို ထားသွားရတဲ့ အခြေအနေမှာသေချာဖို့လိုတာက
ကွန်ပျူတာ lock ချခဲ့ ရဲ့လားဆိုတာပါ။
1. Ctrl + Alt + Del
လူတွေဟာ များသောအားဖြင့် Ctrl + Alt + Del ဆိုပြီး Key သုံးခု ကို တွဲနှိပ်ပြီး ။
ပြီးတော့မှ Lock computer ဆိုတဲ့ Button လေးကိုနှိပ်တယ်။ ဒီလို လုပ်တဲ့ အခါမှာ တစ်ချို့ကျတော့လက်တစ်ဘက်တည်းနဲ့
 လုပ်လို့ရပေမယ့် တစ်ချို့ ကျတော့ လက်နှစ်ဘက်သုံးကြတယ်နော်။
2. Window Key + L Key

Shortcut Key နောက်တစ်ခုက အရင် ထက်တော့ ပိုမိုမြန်ဆန်တဲ့ Window Key + L Key ကို တွဲနှိပ်ပြီးလည်းလုပ်လက်စ
 အလုပ်တွေ ကို ပျက်မသွားစေဘဲ ခဏ Lock ချခဲ့ လို့ ရတယ် ဆိုတာပါ။
3. Desktop Shortcut
အထက်က ဖော်ပြခဲ့တဲ့ အချက် နှစ်ချက်အပြင် ပိုမို မြန်ဆန်စွာလုပ်ဆောင်နိုင်မယ့် နည်းလေး ပြောမလို့ပါ။
ဒီ command လေးက တော့ Window ကို Lock ချဖို့အတွက် Windows\system32 ထဲမှာ ရှိတဲ့ rundll32 ဆိုတဲ့
file လေးကို သုံးမယ်နော်။
ကဲဒါဆို ရင် Desktop Shortcut လေးတစ်ခု ဖန်တီးကြည့်ရအောင်….
1. Desktop ပေါ်မှာ Right Click နှိပ်ပါ။ ပြီးတော့ New ပြီး Shortcut ကိုသွားလိုက်ပါ…
2. ပြီးလျှင် အောက်က Command လေးကို ကူးထည့်လိုက်ပါ.
%windir%\system32\rundll32.exe user32.dll,LockWorkStation
ပြီးလျှင် Next ကိုနှိပ်ပါ...
3. ကြိုက်ရာ နာမည် ပေးပါ ပြီးလျှင် Finish ကို နှိပ်ပါ ။
ကဲ ဒါဆိုရင်တော့ ကွန်ပျူတာ ကို မြန်မြန်ဆန်ဆန် လေး Lock ချဖို့အတွက် ဖန်တီးလိုက်တဲ့Shortcut လေးကို သုံးလို့ ရပါပြီ…
ဒီလို ရိုးရှင်းတဲ့ နည်းလေး တွေကို ကြိုက်ကြလိမ့်မယ် မျှော်လင့်မိပါတယ်….
အားလုံး အဆင်ပြေကြပါစေ မသိသေးသူများ အတွက်သာပါ..

No comments:

Post a Comment