Friday, November 23, 2012
မြန်မာ အင်ဖိုတက်ခ်မှာ ဖုန်းနံပတ်လှလှလေးတွေ လေလံတင် ရောင်းချပွဲ ပြုလုပ်နေ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဒီကနေ့ မနက်က ရန်ကုန်မြို့၊ ကမာရွတ် မြို့နယ်ထဲမှာရှိတဲ့ လှိုင်တက္ကသိုလ် နယ်မြေထဲက မြန်မာ အင်ဖိုတက်ခ် ပင်မခန်းမဆောင်မှာ GSM ဖုန်းနံပတ်နဲ့ WCDMA ဖုန်းနံပတ် လှလှလေးတွေကို လေလံတင် ရောင်းချတဲ့ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ဖုန်းနံပတ် လှလှလေးတွေ လေလံတင် ရောင်းချပွဲမှာ WCDMA ဖုန်းနံပတ်ထဲက ၀၉.၄၄၉၄၄၄၄၄၄ ဖုန်းကတ်ကို ငွေကျပ်သိန်း ၄၇ သိန်းနဲ့ လေလံတင် ရောင်းချခဲ့ရပြီး၊ GSM မိုဘိုင်းဖုန်းနံပတ်ထဲက ၀၉.၄၂၆၈၈၈၈၈၈ ဖုန်းကတ်ကိုတော့ ငွေကျပ် ၅၂ သိန်း နဲ့ ရောင်းချခဲ့ရကာ GSM မိုဘိုင်းဖုန်း နံပတ်ထဲက ၀၉.၄၂၇၉၉၉၉၉၉ ဖုန်းကတ်ကိုတော့ ငွေကျပ် ၅၉ သိန်းနဲ့ ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖုန်းနံပတ်လှလှလေးတွေ လေလံတင် ရောင်းချပွဲကို ဖုန်းနံပတ်လှလှလေးတွေကို
စိတ်ဝင်စားကြတဲ့ ငွေကြေးတတ်နိုင်သူ အများအပြား လာရောက် ဝယ်ယူကြပြီး၊ အဆိုပါပွဲသို့ လာရောက် လေ့လာသူတစ်ဦးက “အရမ်းအံ့သြဖို့ကောင်းတယ်ဗျ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဒီလို နှစ်သိန်းတန် ဖုန်းကို သိန်းသုံးလေးငါးဆယ်ကျော် ရအောင် ရောင်းနိုင်တာကတော့၊ ဒါကတော့ ဝယ်တဲ့လူက ရှိတော့ ရောင်းပြီပေါ့ဗျာ ဒါတွေက တရားဝင် နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဈေးဖြစ်တဲ့ နှစ်သိန်း၊ နှစ်သိန်း ခွဲကို ငွေတွေ ထားစရာမရှိတဲ့သူတွေ လာဝယ်ကြတယ်လို့ဘဲ ကျွန်တော်ကတော့ မြင်ပါတယ်” လို့ သုံးသပ် ပြောဆိုသွားပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment